ပြိုင်ပွဲ စည်းမျဉ်းများ

Local Rules · Dress Code · Handicap System

MMAGG ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သူအားလုံး လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ဖြစ်ပါသည်။

ပြိုင်ပွဲစည်းကမ်းချက် (Local Rules)

MMAGG — Myanmar Mobile Accessories Golf Group

  1. 1As Line အတိုင်း ကစားရမည်။
  2. 2Fairway အတွင်းရှိ ရေငုတ် / GUR / စိုက်ခင်း၊ ပန်းခြံ၊ သဲပုံ၊ ယာယီအမှိုက်ပုံ နှင့် ကွင်းမှ သတ်မှတ်ထားသော No Play ဇုန်မှအပ ကျန်မည်သည့်နေရာမှ Drop မရပါ။
  3. 3ရိုက်ချက်တိုင်းတွင် Ball ပျောက်ဆုံးသည်ဟု ယူဆလျှင် မူလနေရာမှ အရန်ဘောလုံး (၁) လုံး ရိုက်ခွင့်ရှိသည်။ ရိုက်ချက် (၂) ချက် ပေါင်းပါမည်။
  4. 4ဘောလုံးကျရာနေရာတွင် ရိုက်မရပါက ဘေးဘယ်၊ ညာ Driver ၂ ပြန် ယူရိုက်နိုင်သည် — (၁) ချက်ပေါင်း။ Fairway အတွင်းသို့ ယူရိုက်လျှင် (၂) ချက်ပေါင်း။
  5. 5ဘောလုံး ပျောက်လျှင် (၂) ချက် ပေါင်း။
  6. 6မိမိ ဘောလုံးအမှတ်အသားအား Player အချင်းချင်း ပြသပြီးမှ ပထမ Tee မှ စတင်ရိုက်ရပါမည်။
  7. 7တာလွှတ်ချိန် မိမိအတွဲအချိန်မီ လာရောက်ပေးပါရန်။ နောက်ကျပါက နောက်အတွဲများတွင် အဆင်သင့်သလို တွဲပေးပါမည်။ မိမိအတွဲတွင် မပါဝင်ခြင်းအတွက် (+2 Stroke)၊ လုံးဝနောက်ကျလျှင် DQ (Disqualification)။
  8. 8ကျင်းအဝင် သွင်းရပါမည်။

ဝတ်စားဆင်ယင်မှု

Dress Code

  • 1Collar ပါသော Golf Shirt / Polo ဝတ်ဆင်ရန်။ ပြိုင်ပွဲအတွက် ထုတ်ပေးသည့် Shirt ရှိပါက ယင်းကို ဝတ်ဆင်ရန်။
  • 2Golf Trouser သို့မဟုတ် Golf Short (ဒူးအထက် သင့်တင့်သော အရှည်) ဝတ်ဆင်ရန်။
  • 3Golf Shoes (Soft Spike) သာ ဝတ်ဆင်ရန်၊ Metal Spike ခွင့်မပြုပါ။
  • 4Jeans၊ လုံချည်၊ လက်ပြတ်အင်္ကျီ (Sleeveless)၊ T-Shirt နှင့် ဖိနပ်ညှပ် ခွင့်မပြုပါ။
  • 5ဆုပေးပွဲအခမ်းအနားအတွက် သင့်တော်သော ဝတ်စားဆင်ယင်မှုဖြင့် တက်ရောက်ပေးရန်။

Handicap စနစ်

Handicap System

  • 1အသင်းဝင်တိုင်းအတွက် Handicap (HC) ကို ၀ မှ ၂၄ အတွင်း သတ်မှတ်ပေးထားပါသည်။
  • 2Net Score = Gross Score − Handicap ဖြင့် တွက်ချက်ပါသည်။
  • 3ပြိုင်ပွဲအသစ်တစ်ခုစီ ပြီးဆုံးတိုင်း ကစားခဲ့သည့် ရလာဒ်အပေါ် မူတည်၍ EC အဖွဲ့မှ HC ကို ပြန်လည်သုံးသပ် ချိန်ညှိပါသည်။
  • 4ဆုရရှိသူများအတွက် HC ချမှတ်ချက် — ပထမဆု နှင့် ဒုတိယဆု ရရှိသူများကို HC (၂) ချ၊ တတိယဆု ရရှိသူကို HC (၁) ချ သတ်မှတ်ပါသည်။
  • 5HC ပြောင်းလဲမှု မှတ်တမ်းအားလုံးကို အသင်းဝင် Dashboard တွင် ပြန်လည်ကြည့်ရှုနိုင်ပါသည်။
  • 6ပထမဆုံးအကြိမ် ပါဝင်သည့် ဧည့်သည် (Guest) များအတွက် စာရင်းသွင်းစဉ် ကြေညာသည့် HC ကို ယာယီအသုံးပြုပါသည်။

ကစားချိန် နှင့် ကွင်းစည်းကမ်း

Pace of Play & Etiquette

  • 1အတွဲတစ်တွဲလျှင် အများဆုံး ကစားသမား ၆ ဦး သတ်မှတ်ပါသည်။
  • 2တာလွှတ်ချိန် (Tee Time) မတိုင်မီ ၃၀ မိနစ် ကြိုတင်ရောက်ရှိရန်။
  • 3ရှေ့အတွဲနှင့် ကွာဟမှု များလာပါက နောက်မှလိုက်လာသော အတွဲကို ကျော်ဖြတ်ခွင့်ပေးရန်။
  • 4Green ပေါ်တွင် Divot / Pitch Mark များကို ပြန်လည်ပြုပြင်ပေးရန်။
  • 5မိုးသက်လေပြင်း သို့မဟုတ် လျှပ်စီးလက်ပါက ကွင်းအာဏာပိုင်၏ ရပ်နားချက်ကို ချက်ချင်းလိုက်နာရန်။

Tee Off အချိန် ပြောင်းလဲမှု

Tee Off အချိန်အား နံနက် ၇:၀၀ နာရီ သို့ ပြောင်းလဲသတ်မှတ်ထားပါသည်။ ကော်နာကူးချိန်တွင် အားလုံး စိတ်ချမ်းသာစွာ ကစားနိုင်ရန် ရည်ရွယ်၍ တာလွှတ်ချိန် စောခြင်း ဖြစ်ပါသည်။

အထက်ပါ စည်းမျဉ်းများနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ရှိပါက ပြိုင်ပွဲကျင်းပရေး EC အဖွဲ့၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပါသည်။